သတင်းများ

မချမ်းဘော၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Aug 11,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာအသိပညာများ သိရှိကာကွယ်နိုင်ရန် ရည်ရွယ်၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များကို ယမန်နေ့နံနက် ၉ နာရီက ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ပြသခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး လူဦးရေ(၈၆၈)ဦး ရေဘေးရှောင်စခန်းသို့ ပြောင်းရွှေ့နေထိုင်
Aug 11,2023
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ပြီး နေ့စဉ် အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းခြင်း ချောင်းလက်တက်များမှ ရေများ ဇမိမြစ်အတွင်းသို့ ဝင်ရောက်စီးဆင်း၍ ဇမိမြစ် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ ၎င်းမြစ်ရေများမှာ မြေနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်းအတွင်းသို့ ဝင်ရောက်ပြီး အိမ်ခြေစုစုပေါင်း (၁၉၅)အိမ်ခြေ ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့‌ငွေများပေးအပ်
Aug 11,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီး ဆုံးရှုံးသွားသည့်နေအိမ်မှ အိမ်ထောင်စုဝင်များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ထောက်ပံ့‌ငွေများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဩဂုတ် ၉ ရက်နေ့ နေ့လယ် ၃ နာရီချိန်က ပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ် မလွန်ကျေးရွာ၌ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် သီးနှံအခြေခံ တန်ဖိုးမြှင့်စား‌သောက်ကုန် ထုတ်လုပ်မှုနည်းပညာ (Bakery & Snack) သင်တန်းဆင်းပွဲကျင်းပ
Aug 11,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မလွန်ကျေးရွာတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်အတွင်း၌ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရန်အတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံ အခြေခံတန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာ (Bakery & Snack) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၉ ရက်၊ နံနက် ၁၀ နာရီက မလွန် ကျေးရွာ၊ စကြောဘုန်းကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Aug 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ မိုးစက်ရွှေကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ထားသော ဆေးရုံများနှင့် စာသင်ကျောင်းများ ဆောက်လုပ်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် နမ့်ခမ်း-နမ့်ဖတ်ကာ ဗျူဟာလမ်းပေါ်သို့ မြေပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား
Aug 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန်အောင်ကျေးရွာအုပ်စု၊ မန်စပ် (ဇုံဇ) ကျေးရွာ၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မော်တော်ကားလမ်းမပေါ်သို့ တောင်ပေါ်ကမ်းပါးယံမှ မြေများပြိုကျမှုဖြစ်ပွားခဲ့ရာ နမ့်ခမ်း-နမ့်ဖတ်ကာ ဗျူဟာလမ်းမကြီး ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မုံးကိုးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော ၂၀၂၃ ခုနှစ် အုပ်ချုပ်ရေးမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
Aug 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့တွင် မြန်မာ့အားကစားနှင့်ကာယပညာ ပိုမိုတိုးတက်ဖွံဖြိုးရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့အဆင့်အားကစားပြိုင်ပွဲများကို နှစ်စဥ်မပျက် ကျင်းပဆောင်ရွက်လျက်ရှိရာ မုံးကိုးမြို့အုပ်ချုပ်ရေးမှူးဖလား မီုးရာသီဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၈ ရက်နေ့ နေ့လယ် (၁း၀၀)အချိန်က ရပ်ကွက်(၃)၊ မနော်ကွင်းတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
မူဆယ်မြို့ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ရာသီပေါ်မှိုများ တစ်ပိဿာလျှင် မြန်မာငွေ (၃၅၀၀၀)ကျပ်အထိ ရောင်းချရ
Aug 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ယခုကာလ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလတို့အတွင်း နွေရာသီအကုန် (မိုးဦး)ကာလတွင် ရာသီပေါ်မျှစ်များနှင့် ဝါးပင်အခြေ၌ ပေါက်ရောက်သော ဝါးရုံမှိုများအပြင် တောင်ပေါ်ဒေသနှင့် မြေပြန့်အညာဒေသတို့တွင် ဒေသမရွေး ပေါက်တတ်သော ရာသီပေါ်မှို (ငှက်စွေမှို)များ ပေါက်ရောက်သည့် ရာသီချိန်ဖြစ်၍ မြို့မဈေးကြီးနှင့် ကချင်ဈေး၊ ညနေဈေးတို့တွင် လာရောက်ရောင်းချကြပြီး ဈေးကောင်းသော်လည်း ရောင်းအားကောင်းကြောင်း သိရသည်။