မိုင်းဖြတ် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီက ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ရှိန်မြှင့်တင့်ရေး အသိပညာပေးလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သက်ထားဇာဇာက ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း၊ ဒေါ်မျိုးသီရိက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်ဆိုက်က ကျေးရွာအတွင်း လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များမဖြစ်ပေါ်စေရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာ ပေးနံရံကပ်စာစောင်များကို ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)