ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မောင်တော ဩဂုတ် ၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌဦးနေဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ကော်မတီတစ်ခုချင်း၏ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးမဖြစ်ပေါ်ကာလနှင့် ဖြစ်နေဆဲကာလ၊ ဖြစ်ပေါ်ပြီးကာလများအတွင်း ကော်မတီများအလိုက်လုပ်ဆောင်သင့်သည့် ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်မှုများ စီစဉ်ဆောင်ရွက်မှု၊ ဘာဝဘေးကာကွယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများနှင့် အသိပညာပေးရေးကိစ္စရပ်များ ၊သဘာဝဘေး ကာကွယ်ရေးအတွက် ကြိုတင်အစီအမံများ ဆောင်ရွက်ထားရှိမှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သဘာ၀ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်း စိမ်များထိခိုက်ဆုံးရှုံးမှုလျော့ နည်းသက်သာစွာနှင့် အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်နိုင်ရေး၊ စနစ်တကျစီမံခန့်ခွဲနိုင်ရန် လုပ်ငန်းကော်မတီ အသီးသီးအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းအစီအမံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ ဘေး အန္တရာယ်ဆိုင်ရာကိစ္စရပ်များကို စနစ်တကျ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း စသည့်တို့ကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဉပဒေအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်ထားရှိကာ သက်ဆိုင်ရာကော်မတများအလိုက် လုပ်ငန်းတာဝန်များကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းနှင့် သဘာဝဘေးအန္တရာယ် များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာန ကော်မတီဝင်များအလိုက် လုပ်ငန်းတာဝန်များအား စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအားစသည့်တို့ကို ဆွေးနွေးတင်ပြခဲ့ပြီး သက်ဆိုင်ရာကော်မတီများအလိုက် တာဝန်ရှိသူများက လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများအား တင်ပြခဲ့ကြရာ လိုအပ်သည်များအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွကပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)