သတင်းများ

စာဖတ်ရှိန်မြှင့်တင်ရေး အ.မ.က(မူလွန်)ရွှေဆံတော်၌ ပြုလုပ်
Aug 10,2023
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတပြည့်စုံရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နေ့လည် ၁နာရီ မိနစ်၃၀က ရွှေဆံတော်ရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း ရွှေဆံတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး(၂၄)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Aug 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ဖြန့်ဖြူးပေး
Aug 10,2023
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် ရွှေဇီဝသဘာဝမြေသြဇာများ ဖြန့်ဖြူးခြင်းကို ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ စိုက်ပျိုးရေးဂိုထောင်၌ ရောင်းချပေးသည်။
သုံးခွမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပူးပေါင်းဆောင်ရွက်သော အကျိုးတူတောင်သူများ အားသွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 10,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပူးပေါင်းဆောင်ရွက်သော အကျိုးတူတောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ “လူငယ်ရေးရာ အသိပညာပေး”ဟောပြောပွဲကျင်းပ
Aug 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း စာသင်ဆောင်၌ ကျင်းပခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ
Aug 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌‌နောက်ပိုင်းခရိုင်(ဗဟန်း)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဗဟန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ် (၁) နာရီက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်/စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
Aug 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရဒါနစားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ
Aug 10,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေး ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့မဈေးကြီးအတွင်း ဆောင်ရွက်ခဲ့သည်။