သတင်းများ

ကျောက်ကြီးမြို့နယ်၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာ​ပေး​ဟောပြောပွဲကျင်းပ
Aug 10,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ
Aug 10,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် (Youth Club) အဖွဲ့ဝင်များနှင့် ဒေါက်တာ ခင်မောင်ညိုရေးသားထားသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   (Community Centre)   ခန်းမ၌ နေ့လယ် ၁ နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Aug 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီက မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ မြေအနိမ့်ပိုင်းနေအိမ်များသို့ ရေများထပ်မံဝင်ရောက်
Aug 10,2023
ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများစီးဆင်းပြီး ကဒတ်ချောင်း ရေလျှံမှုကြောင့် အနိမ့်ပိုင်းနေအိမ်များသို့ ရေများထပ်မံဝင်ရောက်လာသည့်အတွက် ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီချိန်တွင် ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူကျောက်ကွင်း ဘုန်းကြီးကျောင်းနှင့် ကော့စံနိုင်ရပ်ကွက်၊ တောရဘုန်းတော်ကြီး ကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရသည်။
ရွှေကူမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျန်းမာရေးအသိပညာပေးခြင်း၊ အဟာရချက်ပြုတ် သရုပ်ပြခြင်းနှင့် စံပြမိခင်ကလေးပြိုင်ပွဲများကျင်းပ
Aug 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျန်းမာရေး အသိပညာပေးခြင်း၊ အဟာရချက်ပြုတ်သရုပ်ပြခြင်းနှင့် စံပြမိခင်ကလေးပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာတက္ကသိုလ်၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုင်ကြားမှု ယန္တယားအား ပြည်သူသို့ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 10,2023
မုံရွာတက္ကသိုလ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတို့ ကြီးမှူးကျင်းပပြုလုပ်သည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တယားအား ပြည်သူသို့ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ မုံရွာတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် ပါမေက္ခချုပ်ကြီး ဒေါက်တာအောင်ကျော်သင်က အဖွင့်အမှာစကားပြောကြားသည်။
ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး
Aug 10,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ပွင့်ဖြူ)နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ရှေးဦးအရွယ် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းစနစ်တကျ ပြုစုစောင့်ရှောက်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (၄/၂၀၂၃) သင်တန်းအား ဩဂုတ် ၂ ရက်နေ့မှ စတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေကြောင်း ပွင့်ဖြူမြို့နယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဇော်ထံမှ သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး နိုင်ငံ့စီးပွားမြှင့်တင်ရေးတင်ပြချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတက်ရောက်
Aug 10,2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးတင်ပြချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။