သတင်းများ

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ ဆန်၊ ဆီ ရိက္ခာများ ချီးမြှင့်ပေးအပ်
Jul 02,2025
ကရင်ပြည်နယ်အတွင်း နေရာဒေသအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် တိုင်းရင်းသားပြည်သူများသည် ဘားအံခရိုင်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ နီးစပ်ရာဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဦများသို့ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိရာ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဓမ္မာရုံ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ ရိက္ခာများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဟင်္သာတတက္ကသိုလ်တွင် ဘာသာရပ်အလိုက် စားပွဲတင်တင်းနစ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
Jul 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်တွင် ဘာသာရပ်အလိုက် စားပွဲတင် တင်းနစ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းရှိ မိုးလုံ လေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သာကေတမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ
Jul 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသရုပ်ပြပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်ကကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်ရေး ပျိုးပင်ပေါင်း(၂၀,၀၀၀) ပျိုးထောင်ထားရှိ
Jul 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်လူထုဖြန့် မိုးရာသီသစ်ပင်စိုက်ပျိုးရန် မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ မာလာလူးကား ခရေ ငုရွှေဝါစသည့် ပျိုးပင်ပေါင်း (၂၀၀၀၀) ပျိုးထောင်ထားရှိကြောင်းသိရသည်။
ခန္တီးမြို့၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နည်း သရုပ်ပြပွဲပြုလုပ်
Jul 02,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်ရည်ရွယ်၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နည်းသရုပ်ပြပွဲကို အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jul 02,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက အ.မ.က ကွေ့ချောင်း ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ခန္တီးမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 02,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးညိုမြို့နယ်၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်‌တွေ့သရုပ်ပြသခြင်း ဆောင်ရွက်
Jul 02,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့မဈေး၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။