သတင်းများ

စလင်းမြို့နယ်တွင်ဒို့မေတ္တာ (အခမဲ့) ကုသိုလ် (၈) မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ဧပြီလဒုတိယပတ် ကျန်းမာရေးချို့တဲ့ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Apr 19,2025
မကွေးတိုင်းဒေသကြီး မင်းဘူခရိုင် စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း ဒို့မေတ္တာ (အခမဲ့) ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ယနေ့နံနက်ပိုင်းမှ စတင်ကာ နေ့လယ် (၁) နာရီအချိန်အထိ စေတနာရှင်ဆေးဝါးကျွမ်းကျင်သူ ဆရာဝန်များနှင့် ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအား ဧပြီလဒုတိယပတ် ဆေးကုသပေးလျှက်ရှိကြောင်း သိရသည်။
ကလောမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပ
Apr 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့တွင် ၁၃၈၇ ခု၊ နှစ်သစ်ကူးအခါသမယမှာ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကလောမြို့၊ မြို့နယ်ခန်းမကျင်းပပြုလုပ်ရာ ကန်တော့ခံအဘိုး၊ အဘွားများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်အတွင်း ပြိုကျပျက်စီးခဲ့သောအိမ် ၉ လုံးနှင်း သေဆုံး ၁ ဦးအား သိန်း ၅၀ ကျပ် ထောက်ပံ့
Apr 19,2025
မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်အတွင်း ပြိုကျပျက်စီးခဲ့သော အိမ် ၉ လုံးနှင်း သေဆုံး ၁ ဦးအား ရန်ကုန်တိုင်းဒေသကြီး သက်န်းကျွန်းမြို့နယ် သုဝဏ္ဏဗိုလ်ချုပ်ရွာနေ ဦးကြည်မင်း ဒေါ်နုနုလွင် (အောင်မေတ္တာစာရေးကိရိယာရောင်းဝယ်ရေး၊ ကုမ္ပဏီလီမိတက်) မိသားစုမှ ဟေမမာလာမြောက်ရပ်ကွက်အတွင်းရှိ ပြိုကျပျက်စီး အိမ် ၉ လုံးမှ အိမ်ပိုင်ရှင် ၉ ဦးနှင့် သေဆုံးသူတစ်ဦး စုစုပေါင်း ၁၀ ဦးအား တစ်ဦးလျင် ငွေကျပ် ၅ သိန်း နှုန်းဖြင့် စုစုပေါင်း ငွေ ကျပ် သိန်း ၅၀ အား ကူညီထောက်ပံ့ပေးမှုအား ဟေမမာလာမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နန္ဒမှ တာဝန်ယူဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်၌ ၁၃၈၇-ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သံဃာတော်အရှင်သူမြတ်များမှ အန္တရာယ်ကင်းပရိတ်ရွတ်တော်များ ပွားခြင်းနှင့် ပရိတ်ရေများ ပက်ဖြန်းခြင်းပြုလုပ်
Apr 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့ ညနေပိုင်းက မြို့‌ပေါ်ရပ်ကွက်များတွင်းသို့ အန္တရာယ်ကင်းပရိတ်‌တော်များ လှည့်လည်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေများ ပက်ဖြန်းခြင်းများ ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်း
Apr 19,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် စားသောက်ဖွယ်ရာပစ္စည်းများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ နှစ်ဦးအထူးဓမ္မသဘင်တရားပွဲ ကျင်းပ
Apr 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သံဃနာယကဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၏ ဦးဆောင်မှုဖြင့် အမှတ် (၂) ရပ်ကွက်၊ ကုမုဒြာပန်းခြံ၌ နှစ်ဦးအထူးဓမ္မသဘင်တရားပွဲကို ယမန်နေ့၊ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် မြန်မာနှစ်ဆန်း (၂) ရက်နေ့၌ အန္တရာယ်ကင်းပရိတ်ရွတ် ပွားခြင်းနှင့် ပရိတ်ရေများ ပက်ဖြန်းခြင်းများ ဆောင်ရွက်
Apr 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း (၂) ရက်နေ့ ညနေပိုင်း၌ ပြည်သူများ အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်ပြီးဆရာတော်သံဃာတော်များက မြို့ပေါ်ရပ်ကွက်များအတွင်း အန္တရာယ်ကင်းပရိတ်ရွတ်ပွားခြင်းများ၊ အန္တရာယ်ကင်းပရိတ်တရားနာယူခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဉ္စမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်
Apr 19,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၆)ရက် ယမန်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပဉ္စမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဒုတိယညဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်သည်။