သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်း
Apr 19,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် စားသောက်ဖွယ်ရာပစ္စည်းများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ နှစ်ဦးအထူးဓမ္မသဘင်တရားပွဲ ကျင်းပ
Apr 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သံဃနာယကဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၏ ဦးဆောင်မှုဖြင့် အမှတ် (၂) ရပ်ကွက်၊ ကုမုဒြာပန်းခြံ၌ နှစ်ဦးအထူးဓမ္မသဘင်တရားပွဲကို ယမန်နေ့၊ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် မြန်မာနှစ်ဆန်း (၂) ရက်နေ့၌ အန္တရာယ်ကင်းပရိတ်ရွတ် ပွားခြင်းနှင့် ပရိတ်ရေများ ပက်ဖြန်းခြင်းများ ဆောင်ရွက်
Apr 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း (၂) ရက်နေ့ ညနေပိုင်း၌ ပြည်သူများ အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်ပြီးဆရာတော်သံဃာတော်များက မြို့ပေါ်ရပ်ကွက်များအတွင်း အန္တရာယ်ကင်းပရိတ်ရွတ်ပွားခြင်းများ၊ အန္တရာယ်ကင်းပရိတ်တရားနာယူခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဉ္စမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်
Apr 19,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၆)ရက် ယမန်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပဉ္စမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဒုတိယညဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်သည်။  
ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရေး သောက်သုံးရေများ လှူဒါန်း
Apr 19,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပြည်သူများသောက်သုံးဖူလုံစေရန် ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေများ အခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။
အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကျင်းပ
Apr 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ချမ်းသာကြီးဘုရားဓမ္မာရုံ၌ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကို ယနေ့ နံနက ၉ နာရီခွဲအချိန်က အဆိုပါဓမ္မရုံတွင် ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Apr 19,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ၂၀၂၅ ခုနှစ် မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းများအား လိုက်လံကြည့်ရှု၊ ဆရာတော်၊သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Apr 19,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သော ချမ်းမြသာစည်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိစေတီ၊ပုထိုး၊ သာသနိကအဆောက်အအုံအပျက်အစီးများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်အစရှိသည့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။