သာကေတမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ

သာကေတ ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသရုပ်ပြပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်ကကျင်းပခဲ့သည်။

ရှေးဦးစွာ သာကေတ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုက်ကွမ်ဒိုအားကစားနည်းဖြင့် သရုပ်ပြသခဲ့ပြီး သရုပ်ပြအဖွဲ့အား သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသူရိန်ဇော်မှလည်းကောင်း၊ သာကေတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဒုဥက္ကဋ္ဌဒေါ်ယမင်းထက်တို့မှလည်းကောင်း သရုပ်ပြချီးမြှင့်စရိတ်များ ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ သာကေတမြို့နယ် တိုင်းရင်းဆေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ထက်ထက်ဝေမှ မြန်မာ့တိုင်းရင်းဆေးအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့်လည်းကောင်း၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဒေါ်ခင်ကောင်းစံမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မို့မို့သူမှ လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး၊ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာန ဦးစည်သူထွန်းမှ တတ်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအမေးအဖြေများ မေးမြန်းခြင်းနှင့် အမှတ်တရလက်ဆောင်များချီးမြှင့်ကာ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

သဲထက်ဇင် (ပြန်ဆက် )