ကျိုက်လတ်မြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်ရေး ပျိုးပင်ပေါင်း(၂၀,၀၀၀) ပျိုးထောင်ထားရှိ

ကျိုက်လတ် ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်လူထုဖြန့် မိုးရာသီသစ်ပင်စိုက်ပျိုးရန် မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ မာလာလူးကား ခရေ ငုရွှေဝါစသည့် ပျိုးပင်ပေါင်း (၂၀၀၀၀) ပျိုးထောင်ထားရှိကြောင်းသိရသည်။

ကျိုက်လတ်မြို့နယ် သစ်တောဦးစီးဌာနမှ ရာသီဥတုပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်ရေးအတွက် ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီတွင် သစ်ပင်များတစ်နိုင်တစ်ပိုင် စိုက်ပျိုးပြုစုထိန်းသိမ်းသွားနိုင်ရေးအတွက် ပျိုးပင်များအား ပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အခြေခံပညာကျောင်းများသို့ အခမဲ့ဖြန့်ဝေ ပေးအပ်သွားမည်ဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်တာဝန်ခံ တောအုပ်ကြီး ဦးအောင်မျိုး၏ ပြောကြားချက်အရသိရသည်။

လှိုင်မင်းအောင်