ဟင်္သာတတက္ကသိုလ်တွင် ဘာသာရပ်အလိုက် စားပွဲတင်တင်းနစ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ဟင်္သာတ ဇူလှိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်တွင် ဘာသာရပ်အလိုက် စားပွဲတင် တင်းနစ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ()နာရီအချိန်က အဆိုပါကျောင်းရှိ မိုးလုံ လေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အစီအစဉ်အရ ပြိုင်ပွဲဝင်ကစားသမားများမှ ကွင်းအတွင်းနေရာယူပြီးနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းအား အလေးပြုခြင်းနှင့် ခရိုင်ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်းမှ အမှာစကားပြောကြားခြင်းနှင့် ပြိုင်ပွဲအားဖွင့်လှစ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကာ စစ်ကြောင်းမှူး ဦးဆောင်၍ ပြိုင်ပွဲဝင်ကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခြင်းနှင့် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်းများပြုလုပ်ခဲ့ပြီး ဟင်္သာတတက္ကသိုလ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ဘာသာရပ်အလိုက် စားပွဲတင်တင်းနစ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများ၊ ဟင်္သာတတက္ကသိုလ် အားကစားနှင့်ကာယပညာ ဆပ်ကော်မတီနာယက ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်း၊ အားကစားနှင့်ကာယပညာ ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မိုးမင်းစိုး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုကြည်သန်း၊ သင်ကြားရေးဌာန အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ/ ဆရာမများနှင့် ဘာသာရပ်အသီးသီးမှ ကိုယ်စားပြုပြိုင်ပွဲဝင် အသင်းသား/သူများ စုစုပေါင်းအင်အား(၈ဝ)ဦးခန့် တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအား ဘာသာရပ်/အသင်း(၁ဝ)ခုဖြင့် ကျား(၃၄)ဦး၊ မ()ဦးတို့မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၁..၂၀၂၅ ရက်နေ့မှ ၃..၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)