ခန္တီးမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ခန္တီး ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/သူ(၃၀)ဦးက အမျိုးသမီးများဘဝ လုံခြုံရေးအားလုံးဝိုင်းဝန်းဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု(၄)ဆု ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရရှိသည့် ကျောင်းသား/သူများကို ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)