ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သို့ တက်ရောက်အားပေးစကားပြောကြား
Apr 22,2025
ကျောင်းသားလူငယ်များ လေကြောင်းဆိုင်ရာပညာရပ်များတွင် စိတ်ပါဝင်စားစေပြီး အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရေး၊ စိတ်ဓါတ်၊ စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်စွာနှင့် စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းများရရှိစေရေး၊ လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ပါဝင်စားမှုပိုမိုတိုးပွားလာစေပြီး အနာဂတ်ကာလတွင် နိုင်ငံတော်အတွက် စိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြင့်မားသည့် အင်အားသစ်လူငယ်များ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမတွင် ကျင်းပသည်။