ခန္တီး ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်ရည်ရွယ်၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နည်းသရုပ်ပြပွဲကို အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ပြုလုပ်ရာတွင် ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသိန်းနိုင်ထွန်းက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက် ပုံးများ အရောင်ခွဲခြားသတ်မှတ်ထားမှုများနှင့် ပတ်သက်၍လည်းကောင်း၊ အမှိုက်ပုံးတွင် တပ်ထားသော အမည်များနှင့်လိုက်၍ စွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြသခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)