သတင်းများ

ပေါင်းတည်၌ စိုက်ပျိုးရေလုံလောက်စွာဖြင့်နွေစပါးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ
Apr 19,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ဝဲကြီးရေလှောင်တမံမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၁ရက်မှစ၍ စိုက်ပျိုးရေပေးဝေကာ နွေစပါးအတွက် ထွန်ယက်စိုက်ပျိုးခဲ့ကြပြီး ယခုအခါ မြို့နယ်အတွင်းရှိ နွေစပါးများသည် ပျှမ်းမျှသက်တမ်း ရက် ၇၀ ခန့်ရှိနေကြပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာရကြသဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းသိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့၌ ရေကြောင်းလူငယ်အခြေခံသင်တန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး
Apr 19,2025
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရေကြောင်းလူငယ်အခြေခံသင်တန်း(၁/၂၀၂၅)ကို ဧပြီလ ၂၂ ရက်နေ့မှ မေလ ၁၂ ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူ ၁၄၀ ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ သင်တန်းဖွင့်လှစ်နိုင်ရေး ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက သင်တန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများတွင် ကူညီဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်
Apr 19,2025
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုခဲ့သည်။
နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ
Apr 19,2025
အမရပူရမြို့နယ်၊ ဘနောကျေးရွာအုပ်စု၊ ဘနောကျေးရွာ လျပ်စစ်မြစ်ရေတင်ဧရိယာအတွင်းရှိ တောင်သူ ဦးသက်ခိုင်၊ ကွင်းအမှတ် ၆၅၀ ဦးပိုင်အမှတ် ၁၇၀ တွင် ယမန်နေ့က စက်မှုလယ်ယာကောက်စိုက်စက်ဖြင့် ရွှေသွယ်ရင်စပါးမျိုးစိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Apr 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးလယ်မြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးအထွက်နှုန်းပိုမိုတိုးတက်စေရေးရည်ရွယ်၍  မိုးစပါးစိုက်ပျိုးမည့်လယ်မြေများတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဒေးဒရဲမြို့နယ်၊ တညင်ကုန်းကျေးရွာအုပ်စု၊ ရွှေတောင်ကုန်းကျေးရွာရှိ  ကွင်းအမှတ်(၄၂၂-က)၊ ဦးပိုင်အမှတ် (၄/၄)၊ (၄/၁၀)ရှိ တောင်သူဦးမြင့်မောင်၏ လယ်မြေ (၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နှစ်ဦးအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
Apr 19,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်မှ ကြီးမှူးကျင်းပသည့် င်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နှစ်ဦး သံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) ရီအချိန်က ဂန္တဝင်ကိုးခန်းသိမ်တော်တွင် ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြု လုပ်ငန်းကော်မတီ၏ နှစ်ဦးပရိတ်တရားတော်နာယူပွဲ အခမ်းအနားကျင်းပ
Apr 19,2025
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ၏ နှစ်ဦးပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် လူငယ်စင်တာ၌ ကျင်းပသည်။
မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်
Apr 19,2025
၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီ၌ တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကို ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာအုပ်စု၊ ရေလိန်ကျေးရွာ ကွင်းအမှတ် (၁၀၁၄ က)၊ ဦးပိုင်အမှတ် (၁ဃ/၂)ရှိ တောင်သူ ဦးခင်‌မောင်ရီ၏ လယ်မြေ (၃.၄၄) ဧက၌ ပြုလုပ်ခဲ့သည်။