စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းထောင်မှ အကျဉ်းသား(၆၃)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး
Apr 18,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၃၁/၂၀၂၅) အရ ယမန်နေ့ မြန်မာ့နှစ်သစ်မင်္ဂလာအခါသမရ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်သိရှိစေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂)ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအနက်မှ ဘယ်လင်းအမှတ်(၁)ကုန်ထုတ်စခန်းမှ အကျဉ်းသားကျား(၃၁)ဦးနှင့် ဘယ်လင်းအမှတ်(၂)ကုန်ထုတ်စခန်းမှ အကျဉ်းသားကျား(၃၂)ဦး စုစုပေါင်းအကျဉ်းသား(၆၃)ဦးတို့အား ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်က ရာဇဝတ်ကျင့်ထုံး စည်းကမ်းချက်ဖြင့် ၎င်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအား လျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။