သတင်းများ

မအူပင်ခရိုင်အတွင်း မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Apr 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများအား ယနေ့နံနက်(၉)နာရီက ညောင်ဝိုင်းကျေးရွာရှိ Wilke Myanmar အထည်ချုပ်စက်ရုံအတွင်း ဆောင်ရွက်သည်။
ကျုံပျော်တွင် တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ ကွင်းဆင်း ကုသခြင်းများဆောင်ရွက်
Apr 22,2025
ပြည်သူများ အနာရောဂါကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ ဆေးခန်းသွားရောက်ပြသရန် ခက်ခဲသူများအတွက် အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ်ရုံးတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ “လူ့ဘဝမှာအရေးကြီးလှတဲ့ အကျင့်စာရိတ္တ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Apr 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး ရေးသားသော “လူ့ဘဝမှာအရေးကြီးလှတဲ့ အကျင့်စာရိတ္တ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။
ကြံခင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာ ၁၁၇၂ ဦးအား စတင်ထုတ်ပေးလျက်ရှိ
Apr 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ၁၁၇၂ ဦးအား ပင်စင်လစာငွေများကို ယနေ့နံနက် (၆) နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိသည်။
အိမ်မဲမြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများထုတ်ပေးလျက်ရှိ
Apr 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
လိပ်သိုဒေသတွင် မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိချိန် ဈေးနှုန်းကျဆင်း
Apr 22,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်းရှိ ကျေးရွာအများအပြားတွင် နှစ်ရှည်ပင်ဖြစ်သော မရမ်းပင်များကို စိုက်ပျိုးထားကြရာ ယခုအချိန်၌ မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်၍ မရမ်းသီးအမှည့်များ ရောင်းချလျက်ရှိကြရာ မရမ်းစိုက်တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရလျက်ရှိနေကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း ဖွင့်လှစ်
Apr 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိ ပညာဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ကို ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တနင်္သာရီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့တွင် ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား ကြည့်ရှုအားပေး
Apr 22,2025
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ မြကန်သာရပ်ကွက်၊ အပြင်ပတ်လမ်း (စိုက်သိပ္ပံလမ်း) ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား ယမန်နေ့မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။