ထန်းတပင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 11,2024
ကျောင်းသား၊ ကျောင်းသူများအား မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြတ်စေရေး၊ အကျင့်စာရိတ္တကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ (၉) ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။