သတင်းများ

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၁၂၈၇ ဧက စိုက်ပျိုးသွားမည်
Feb 11,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံ ၃၁၂၈၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ကျေးသီးမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကျေးသီးမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းက ကျေးသီးမြို့နယ် အာကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် (မူလွန်) မြို့မတောင်ကျောင်းတွင် (၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်
Feb 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (မူလွန်) မြို့မတောင်ကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်၊ နေ့ထူး၊ နေ့မြတ်များအားသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ဖေဖော်ဝါရီ ၉ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း   ကျင်းပပြုလုပ်ကြသည်။
မင်းလှမြို့နယ် ပေတော(ကန္နား)ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ‌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေး
Feb 11,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုး ရေး လုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှယမန်နေ့ နေ့လယ်(၁၂)နာရီခွဲက ပေတော(ကန္နား)ကျေးရွာမှ ဒေသခံပြည်သူ များနှင့်တွေ့ဆုံ ရှင်းလင်း ဆွေးနွေးခဲ့သည်။
ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ သံတွဲခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့
Feb 11,2024
ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး သက်တမ်းစေ့နေနိုင်စေရေးအတွက် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး ကထိက ဒေါက်တာမိုးစံ ဦးဆောင်သည့် အဖွဲ့သည် သံတွဲခရိုင်ပြည်သူ့ဆေးရုံ၌ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ သံတွဲခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အခြေခံပညာမူလတန်းကျောင်း ဒေါ်ငြိမ်းကုန်းကျောင်း၏ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် ထူးချွန်ဆုနှင်းသဘင်အခမ်းအနားကျင်းပ
Feb 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အခြေခံပညာမူလတန်းကျောင်း ဒေါ်ငြိမ်းကုန်းကျောင်း၏ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် ထူးချွန်ဆုနှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာမူလတန်းကျောင်း ဒေါ်ငြိမ်းကုန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဘုရားဖူးလာရောက်သူ တစ်သိန်းနှစ်သောင်းကျော်ထိရှိနေကာ ဟိုတယ်(၉၀)လုံး ပြည့်နေ
Feb 11,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြားနေကာ ညောင်ဦးမြို့နှင့် ပုဂံမြို့သစ်တို့တွင် ဖွင့်လှစ်ထားရှိသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများတွင် ဘုရားဖူးလာဧည့်သည်များဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထဲက ပြည့်နေပြီဖြစ်ကြောင်း သိရသည်။
မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ဇေယျာသီရိ(၄)ရပ်တွင် မီးပလပ်ခုံ အပူလွန်ကဲရာမှ လူမှုရေး အသင်းအဆောက်အဦ(၁)လုံး၊ လူနေအိမ်(၆)လုံးနှင့် လူနာတင်ယာဉ်(၄)စီး မီးလောင်
Feb 11,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်ရပ်ကွက်၊ ဇေယျာသီရိ(၄)ရပ်၊ အောင်သပြေလမ်းရှိ ဦးစိုးဦး ဦးစီးဆောင်ရွက်နေသော အလျား(၃၀)ပေ၊ အနံ(၄၀)ပေ၊ သွပ်မိုး၊ သံဖရိန်(၁)ထပ် ကရုဏာနာရေးကူညီမှု အသင်းရုံး အဆောက်အဦတွင် ဖေဖော်ဝါရီ(၁၁)ရက် နံနက်(၂)နာရီခွဲခန့်က မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင် မှုစတင်ဖြစ်ပွားခဲ့ပြီး လူမှုရေးအသင်းအဆောက်အဦ(၁)လုံး၊ လူနေအိမ်(၆)လုံးနှင့် လူနာတင်ယာဉ်(၄)စီး မီးလောင်ကျွမ်းပျက်စီးခဲ့သည်။