သတင်းများ

စလင်းမြို့ စည်ပင်သာယာမြို့မစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်ခြင်း ဆောင်ရွက်
Feb 11,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြို့မစည်ပင်သာယာစျေးအတွင်းနှင့် စည်ပင်သာယာစျေး အပြင်ဘက်တို့တွင် ဖေဖော်ဝါရီ (၉) ရက် နေ့လယ် (၂) နာရီ ၄၅မိနစ်အချိန်က ဆောင်ရွက်ကြကြောင်း သိရသည်။
ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သွေးလှူဘဏ်ဌာန၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
Feb 11,2024
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းသည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) သွေးလှူဘဏ်ဌာန၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 11,2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ စာရင်းစစ်ချုပ်ရုံး၊ (၁၀၀ပေ × ၆၀ ပေ) သုံးထပ် RCC ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါရုံး၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ တက်ရောက် သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်
Feb 11,2024
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုနှင့် သားဖွား သင်တန်းကျောင်း(မကွေး) အပတ်စဉ်(၂၉)၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်း မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ်၊ ကျန်စစ်သား ကွန်ကရစ်လမ်းသစ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Feb 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် ကျန်စစ်သားကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဗဟန်းမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟော​ပြောပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ဥာဏ်စွမ်းရည်ပြိုင်ပွဲနှင့် ဆု​ပေးပွဲကျင်းပ
Feb 11,2024
ကျောင်းသား၊ ကျောင်းသူများ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အမှတ်ရပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကို သိရှိစေရန်အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဥ်ကျင်းပသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ​ဟော​ပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဥာဏ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre Bahan) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်ပန်းတောင်းမြို့နယ် ကြက်ပြစ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ
Feb 11,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ နယ် ကြက်ပြစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (RC) တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့ မုခ်ဦးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်
Feb 11,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲ နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့သည်။