Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ငရုတ်ကောင်းမြို့ ဒေသအတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံ
Feb 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ဒေသအတွင်း၌ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ ဝိဇိတာရုံ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများ တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် အမျိုးသမီးများအခွင့်အရေး၊ အကာအကွယ်ပေးထားသော ဥပဒေများအကြောင်း အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 09,2024
တံတားဦးခရိုင် တံတားဦးမြို့နယ် အမျိုးသမီးရေးရာအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး၊ တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း ပညာသရဖူခန်းမ၌ အမျိုးသားယဉ်ကျေးမှုစရိုက်များ ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြိုနယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Feb 09,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁) နာရီက ( အမက ) ကဒါစျေးကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Feb 09,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့လည် ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Feb 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့မီးသတ်ဦးစီးဌာနမှ မြို့အတွင်းမီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် ဟိုတယ်၊ တည်းခိုရိပ်သာများ၏ မီးသုံးစွဲမှု အခြေအနေအား ဦးစားပေးစစ်ဆေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီမှ စတင်၍ စစ်ဆေးရန် ကျန်ရှိနေသေးသော ဟိုတယ်တည်းခိုရိပ်သာများအား ဆက်လက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေး
Feb 09,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ အင်တာနက်ပေါ်တွင် သတင်းတု သတင်းမှားကာကွယ်ရေး အသိပညာပေး ဟောပြော
Feb 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ သတင်းတုသတင်းမှားကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပုလောမြို့ အမှတ်(၃)ရပ်ကွက် နန္ဒဝန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စာသင်ခုံများ ပေးအပ်ပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတက်ရောက်
Feb 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စာသင်ခုံ (Single Desk & Chair) အမြင့်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ဆင်ခေါင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်)၊ ပညာ့ရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7048
Page
7049
Page
7050
Page
7051
Current page
7052
Page
7053
Page
7054
Page
7055
Page
7056
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department