ကျေးရွာကုန်ထုတ်လမ်းနှင့် ရေပြွန်(၃)စင်း တည်ဆောက်‌ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တွန်းဇံ  ဖေဖော်ဝါရီ  ၁၁

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တွီးလန့်ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း(၃/၀)မိုင်နှင့် ယင်းကုန်ထုတ်လမ်းပေါ်ရှိ ရေပြွန်(၃)စင်းတည်ဆောက်‌ရေး လုပ်ငန်းများ‌ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တီးတိန်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ (၉)ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကျေးရွာကုန်ထုတ်လမ်းနှင့်‌ ရေပြွန်တည်ဆောက်ရေး လုပ်ငန်းများကွင်းဆင်းစစ်‌ဆေးရာ၌ တီးတိန်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူး ဒေါ်ကျိန်ဒိုးလျန်၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်းကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့်‌ ရေပြွ(၃)စင်းတည်ဆောက်ခြင်းအားဖြင့် တွီးလန့်ကျေးရွာနေတောင်သူများအတွက် တောင်ယာလုပ်ငန်းများမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များကို ကျေးရွာသို့အလွယ်တကူ သယ်ဆောင်နိုင်သဖြင့်   များစွာအကျိုးခံစားရကြောင်း သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)