ထန်းတပင်မြို့မစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးမီးငြိမ်းခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Feb 09,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့မဈေးရှိ ဈေးသူ၊ ဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့မဈေးအတွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။