သတင်းများ

မြိုင်မြို့၌ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 11,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က အမှတ်(၁)ခြေခံပညာအထက်တန်းကျောင်းတွင်ဖြန့်ဝေခဲ့သည်။
မိုးကုတ်မြို့နယ်၊ အ.လ.က(ရှမ်းတော)တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်
Feb 11,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ရှမ်းတောရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ရှမ်းတော)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
(၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအခမ်းအနား ကျင်းပ
Feb 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးဝန်းအတွင်း၌ ကျင်းပခဲ့သည်။
ချောင်းဦးမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Feb 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းတွင် ယမန်နေ့ နံနက်(၇)နာရီအချိန်မှ စတင်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးပြီး ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
ရေနံချောင်းမြို့ အ.ထ.က(၃)ကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Feb 11,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ပုသိမ်ကြီးမြို့ Community Centre တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် ပုံပြောပြိုင်ပွဲဆုများချီးမြှင့်
Feb 11,2024
မန္တလေးတိုင်းဒသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌ ကျင်းပခဲ့သည်။
ကသာမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Feb 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ၂၀၂၄ ခုနှစ်၊(၇၇)နှစ်မြောက် ပြည်ထောင်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီအချိန်က အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ၊ အမျိုးသားပိုက်ကျော်ခြင်း (အလွတ်တန်း) ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧရာရွှေလီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းတုန်းမြို့ (Community centre) တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 11,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၃  နာရီက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 ကျောင်းသား၊ ကျောင်းသူ ၃၇ ဦး တက်ရောက်ခဲ့ကြသည်။