မုံရွာ ဖေဖော်ဝါရီ ၁၁
မုံရွာစီးပွားရေးတက္ကသိုလ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာအစားအစာ စျေးရောင်းပွဲတော်အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် မုံရွာစီးပွားရေးတက္ကသိုလ် ပင်မဆောင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာခိုင်မာလှိုင်နှင့် ပါမောက္ခ/ ဌာနမှူး ဆရာမကြီးများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ ကြွရောက်လာသော ဆရာမကြီးများသည် စျေးရောင်းပွဲတော်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မုံရွာစီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဆရာမကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာဆရာများ၊ စီမံဘဏ္ဍာဌာနနှင့် သင်တန်းရေးရာဌာနများမှ အရာရှိများ၊ ဝန်ထမ်းများ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
တိုင်းရင်းသားရိုးရာအစားအစားစျေးရောင်းပွဲတော်တွင် သင်ကြားနှင့် စီမံဌာနများမှ မြန်မာ့ရိုးရာ အစားအစာများ၊ ကချင်ရိုးရာအစားများကို ရောင်းချခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)