သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြန်မာဘော်လီဘောလူမှုရေးအသင်း ပထမအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီးအမှုဆောင်နှင့် အသင်းဝင်များ ချစ်ကြည်ရေးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ မြန်မာဘော်လီဘောလူမှုရေးအသင်း ပထမအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမှုဆောင်နှင့် အသင်းဝင်များ ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် (၁၂း၀၀) အချိန်တွင်ကျင်းပခဲ့ပါသည်။​
မိုင်းခတ်မြို့နယ် ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့်စာအုပ်စာ‌စောင်များအခမဲ့ငှားရမ်း‌ပေးခြင်း ဆောင်ရွက်
Feb 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ညနေ(၃)နာရီအချိန်က မိုင်းခတ်မြို့နယ်‌ ပညာရေးမှူးရုံးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေး
Feb 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)ထက် ပြည်သူလူထုများအား ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။
ဒိုက်ဦးမြို့မဈေးကြီး၌ မီးဘေးအန္တာရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြခြင်း အခမ်းအနားကျင်းပ
Feb 09,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့မဈေးကြီး၌ မီးဘေးအန္တာရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြခြင်း အခမ်းအနားကို ယမန့်နေ့မွန်းလွဲ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်
Feb 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် (၁၀)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Feb 09,2024
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
မှော်ဘီမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Feb 09,2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်‎ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာတွင်း လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာစူဠဘွဲ့နှင်းသဘင်ကျင်းပနိုင်ရေး အလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းပွဲကျင်းပ
Feb 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင်ကျင်းပနိုင်ရေး အလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပခဲ့သည်။