ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၁၁
ကျောင်းသား၊ ကျောင်းသူများအား မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြတ်စေရေး၊ အကျင့်စာရိတ္တကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ (၉) ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။
လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတွင် အ.မ.က(၁) မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများနှင့် လူငယ်များ စာဖတ်ကြရေး အသိပညာပေးဟောပြောသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များကလည်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)