စလင်း ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြို့မစည်ပင်သာယာစျေးအတွင်းနှင့် စည်ပင်သာယာစျေး အပြင်ဘက်တို့တွင် ဖေဖော်ဝါရီ (၉) ရက် နေ့လယ် (၂) နာရီ ၄၅မိနစ်အချိန်က ဆောင်ရွက်ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်ဗိုလ်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ စနစ်တကျ ကြိုတင်ဆောင်ရွက်ရန် ပညာပေး ဟောပြောခဲ့ပြီး မီးသတ်ဆေးဘူးကိုအသုံးပြုကာ မီးငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်နည်းစနစ်များကို စနစ်တကျသင်ကြား၍ လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်စျေးသူစျေးသား များက မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ယာဥ်နှစ်စီး စည်ပင်သာယရေး အဖွဲ့ရေသယ်ယာဥ်တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်နည်းကို ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပူးပေါင်းသရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နေမှုများအား စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးတင်စိုးဝင်းနှင့် အင်ဂျင်နီယာများ စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးအေးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များ အင်အား (၆၀) ကျော် သရုပ်ပြဇာတ်တိုက်နေမှုအား ကြည့်ရှုခဲ့ကြသည်။ မြို့မစည်ပင်သာယာစျေးကြီးတွင် ဆိုင်ခန်းပေါင်း (၇၆၅) ခန်းရှိကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် စျေးကြီးအတွင်း မီးသတ်ရေကန်ဂါလံ (၅၀၀၀) ဆန့်(၁)ကန်၊ အမြင့်တင်ရေကန်ဂါလံ (၃၂၀၀) (၁) ကန်နှင့် လက်ငင်ရေတွင်း (၃) တွင်း၊ အဝီစိတွင်း (၄လက္မ၁တွင်း၊ လက္မ၂တွင်း တို့အား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
(မောင်လွင်)စလင်း