Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပခုက္ကူတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ကျင်းပ
Feb 11,2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်း ကျင်းပ
Feb 11,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှု လက်မှုသိပ္ပံ(မိုးညှင်း)ကျောင်းတို့ ပူးပေါင်းကာ ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၉)ရက် မွန်းလွဲ(၂)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ်စု သုံးအုပ်စုမှ နေအိမ် ၁၅၀ အတွက် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး ထောက်ပံ့ငွေများပေးအပ်
Feb 11,2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် လေပြင်းဘေးကျရောက်နိုင်သော ရေလယ်ကျွန်း ကျေးရွာများဖြစ်သည့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ မာန်မြေကျေးရွာအုပ်စုနှင့် ရုံးဆိပ်ကျွန်းကျေးရွာအုပ်စုများမှ နေအိမ် ၁၅၀ အတွက် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ထောက်ပံ့ငွေကျပ် ၆,၇၅၀,၀၀၀ ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၌ သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 11,2024
ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝန်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးပညာရေးဒီဂရီကောလိပ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲပိုင်းက လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ဒေသခံတိုင်းရင်းသားများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစစ်ဆေးပေးနေမှုကို နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်း ကြည့်ရှုအားပေး
Feb 11,2024
အမှတ်(၇၃) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲရေးမှူး နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်းနှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၉ ရက်နေ့နံနက် ၁၁ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နယ်မြေခံဆေးတပ်ရင်းရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အဆိုပါကျေးရွာအတွင်း ကျန်းမာရေးစစ်ဆေးပေးနေမှု အခြေအနေများကို ကြည့်ရှူအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှတ်တမ်း အမှတ်စဉ် (၃/၂၀၂၄) ကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ကွက်နေပြည်သူများ သွားလာမှုအဆင်ပြေစေရန်ရည်ရွယ်၍ ဆောင်ရွက်ခင်းကျင်းခဲ့သည့် အောင်မင်္ဂလာကွက်သစ်ရှိ ဆင်ဖြူရှင်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါလမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများက တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7040
Page
7041
Page
7042
Page
7043
Current page
7044
Page
7045
Page
7046
Page
7047
Page
7048
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department