သတင်းများ

သင်္ဃန်းကျွန်းမြို့နယ် ပညာရေးဒီဂရီကောလိပ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်  MEVM ကိုင် တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းအပတ်စဉ်(၃) ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးဒီဂရီကောလိပ်တွင် ယမန်နေ့နံနက် ၉:၃၀ အချိန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းအပတ်စဉ်(၃)အား စာတွေ့၊ လက်တွ့(၂)ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်‌ကြောင်း သိရသည်။
ဖြူးမြို့နယ်၊ ကွာရီကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေး
Jul 22,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊  လိပ်သေကျေးရွာအုပ်စု၊ ကွာရီကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား(၃၆)ဦးအတွက်(၂၀၉၀၀၀၀၀)ကျပ်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသား (၆၁)ဦးအတွက် (၁၉၇၅၀၀၀၀)ကျပ် စုစုပေါင်းအသင်းသား (၉၇)ဦးအတွက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၄၀၆၅၀၀၀၀)ကျပ်ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေး ရွာဓမ္မာရုံတွင် ချေးငွေထုတ်ချေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါနှင့်ပက်သက်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါနှင့်ပက်သက်၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၈၉)ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ကောင်း၊ အမှတ်(၉၀)ရပ်ကွက်ရှိ ဆိပ်ကမ်းသာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်းကောင်း၊ အမှတ်(၁၆၈)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက် တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းတို့တွင်လည်းကောင်း၊ အမှတ် (၈၇)ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင် ရွက်ပေး
Jul 22,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ ယမန်နေ့ နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ဘားအံမြို့၌   ရပ်ရွာအအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြော
Jul 22,2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအအခြေပြု အသက်မွေ ဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က(ခွဲ)အုန်းတပင်ကျောင်းခန်းမ၌ ကျင်းပသည်။
ပန်းဘဲတန်းမြို့နယ် နေဝန်းနီ သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် နေဝန်းနီအထွေထွေစီးပွါးရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇူလိုင် လ ၂၁ ရက်နေ့ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
ကော့သောင်းမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာလာ ရောက်ထုတ်ယူသူများအား UID (Unique Identity) ဆောင်ရွက်ပေး
Jul 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာလာရောက်ထုတ်ယူသူများအား UID (Unique Identity) များ ဆောင်ရွက်ခြင်းကို မြန်မာ့စီးပွားဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ၌ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်၌ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ​​၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ပါသည်။