သတင်းများ

မုဒုံမြို့နယ် သမဝါယမအသင်းစုလိမိတက်မှ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)သို့ ဆန်နှင့်ကြက်သွန်နီများ ပေးအပ်လှူဒါန်း
Jul 23,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ် သမဝါယမအသင်းစုလိမီတက်မှ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)ရှိ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပထမနှစ်နှင့် ဒုတိယနှစ်တွင် သင်ကြားနေသော သင်တန်းသား/သင်တန်းသူများအတွက် ဆန်နှင့်ကြက်သွန်နီများကို ဇူလိုင် ၂၁ ရက်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက် ရုံးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။
ရေးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာ လွယ်ကူစွာထုတ်ယူနိုင်ရေး UID နံပါတ်ထုတ်ပေးရေး ကွင်းဆင်းဆောင်ရွက်
Jul 23,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေထုတ်ယူရာတွင် လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်ရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID နံပါတ်များ Centralized e-Pension Program တွင်ထည့်သွင်းရန် UID နံပါတ်ထုတ်ပေးရေး အထူးဦးစားပေးအစီအစဉ်အဖြစ် ကွင်းဆင်းခြင်းကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရေးမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲ၌  ဆောင်ရွက်ပေးသည်။
ကယားပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာနေထိုင်ရာမှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်ပွဲကျင်းပ
Jul 23,2025
ကယားပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာနေထိုင်ရာမှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်သူများအား အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ
Jul 23,2025
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၌ ပညာသင်ကြားနေသည့် လူငယ်များအား နေ့စဉ်အသုံးပြုလျက်ရှိသော ဆပ်ပြာအမျိုးမျိုး၏ ထုတ်လုပ်မှုနည်းပညာများကို သိရှိစေရန်နှင့် ပညာသင်ကြားသည့်ကာလ ပြီးဆုံးပါက အတန်းပညာအပြင် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုရရှိစေပြီး ယင်းတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဇူလိုင်လ ၂၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေး
Jul 23,2025
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။ 
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး/ ကျောင်းပြင်ပအလယ်တန်းပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 23,2025
ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး/ ကျောင်းပြင်ပအလယ်တန်းပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိမြတ်အောင်၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းပြင်ပမူလတန်းပညာရေး/ အလယ်တန်းပညာရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊‌ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက လမ်းညွှန်အမှာစကားပြောကြားရာ ကျောင်းပြင်ပပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေး သင်ယူခွင့်ရရှိရန် အခက်အခဲရှိသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်အခြေအနေနှင့် လိုက်လျောညီထွေစွာ စီစဉ်ဆောင်ရွက်ပေးရာတွင် တာဝန်ရှိသူများနှင့် စေတနာရှင်များ၏ အကူအညီဖြင့် သတ်မှတ်လျာထားသည့် ကာလတစ်ခုအတွင်း ရည်ရွယ်ချက်ပြည့်အောင် ပို့ချပေးသည့် ပညာရေးစနစ်ဖြစ်ကြောင်းနှင့် ကျောင်းပြင်ပမူလတန်းပညာရေး/ အလယ်တန်းပညာရေးအစီအစဉ်တွင် ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းများနှင့်စိတ်အားထက်သန်စွာ ပါဝင်လှူဒါန်းကြသည့် ပညာရေးစေတနာရှင် အလှူရှင်များကို များစွာကျေးဇူးတင်ရှိပါကြောင်း စသည်တို့ကို ပြောကြားသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်
Jul 23,2025
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇူလိုင်၂၃ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jul 23,2025
မွန်ပြည်နယ်အတွင်း လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။