ကျောက်ဆည်ခရိုင် သပြေသာ-ပင်တလည်-ပတ္တာ ကျေးရွာချင်းဆက်လမ်းအား ကျောက်ရောမြေခင်း
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များနှင့် ထုတ်ကုန်လုပ်ငန်းများ အချိန်တိုအတွင်းကုန်ကျစရိတ်သက်သာစွာဖြင့်သယ်ယူနိုင်ပြီးစေရန်အတွက် လမ်းတံတားများကို ရာသီမရွေးသွားလာနိုင်ရေး နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ် သပြေသာ-ပင်တလည်-ပတ္တာ ကျေးရွာ ချင်းဆက်လမ်းအား ကျောက်ရောမြေလမ်းအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်းသိရသည်။