ပန်းဘဲတန်း ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် နေဝန်းနီအထွေထွေစီးပွါးရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇူလိုင် လ ၂၁ ရက်နေ့ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို အသင်းဥက္ကဋ္ဌ ဦးသန်းစိုးအေးမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အသင်း၏စီးပွါးလုပ်ငန်းများလုပ်ကိုင်နေပုံကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်း၏အမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးနှစ်ရှင်းတမ်းများကို အသင်းအတွင်းရးမှူးဦးဇော်မြင့်ဦးမှ ဖတ်ကြားတင်သွင်းပြီး အသင်းသားတစ်ဦးဖြစ်သူ ဦးနေမျိုးမှထောက်ခံအဆိုပြု၍ အသင်းသားများမှ သဘောတူအတည်ပြုခဲ့ကြပါသည်။
ထိုနောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးဘုန်းမြင့်လှိုင်မှ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများနှင့် အသင်းများဖွံ့ဖြိုးတိုးတက်စေရန်လုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော အသင်းသားများအား အစုပေါ်အမြတ်များ ခွဲဝေပေးခဲ့ကြောင်း သိရပါသည်။
ဖြူဖြူဝင်း(ပြန်/ဆက်)