သတင်းများ

တန့်ယန်းမြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းကျောင်းတွင် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း ဆက်ကပ်လှူဒါန်း
Jul 22,2025
ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ် ဆက်ကပ်လှူဒါန်းကြသည်။
ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ဌာနများ၏ အပတ်စဉ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Jul 22,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ဌာနများ၏ အပတ်စဉ်သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်၌ မြို့နယ်သမဝါယမအသင်းစု လီမီတက်ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော သမဝါယမ အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများ ပံ့ပိုးထောက်ပံ့ခြင်း အခမ်းအနားကျင်းပ
Jul 22,2025
မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ ရွှေဝါဝင်းနှင့် နောင်မှိုင်းမျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်း(၂)သင်းမှ မိုးစပါးသီးနှံစိုက်ပျိုးသော အသင်းသားတောင်သူများ၏  (၂၆၈)ဧကအတွက် ကျပ် (၅၃၆)သိန်းနှင့်ညီမျှသော သွင်းအားစုများနှင့် ရပ်စောက်မြို့နယ်သမဝါယမအသင်းစုမှ ထုတ်လုပ်သော စွမ်းထက်သဘာဝမြေသြဇာများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ပေးအပ်ခဲ့ရာ ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်နှင့်  မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သန်းတို့မှ မိုးစပါးသီးနှံစိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေး သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထွက်ရှိလာသောစပါးများ ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေးနှင့် ရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် စျေးကောင်းရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၆၀၈၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်
Jul 22,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၆၀၈၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်မြို့မှ သင်္ဘောဖြင့်ပို့ဆောင်သည့် တည်ဆောက်ရေးသုံးပစ္စည်းများ၊ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ စစ်တွေမြို့သို့ရောက်ရှိ
Jul 22,2025
ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် MV-ALLIANCE (002)သင်္ဘော၊ အမ်ဗွီတော်ဝင်သီရိသင်္ဘော၊ အမ်ဗွီတော်ဝင် ရတနာသင်္ဘော၊ အမ်ဗွီရဲထွန်းအောင်(၃)သင်္ဘောနှင့် အမ်ဗွီအောင်ရတနာ(၁)သင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ တည်ဆောက်ရေးသုံးပစ္စည်းများ၊ ဆန်နှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။ စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော MV-ALLIANCE (002) သင်္ဘောတွင် တည်ဆောက် လုပ်ငန်းသုံး ပစ္စည်း  ၁၃၅၉ ဒသမ ၀၁ တန်၊ အမ်ဗွီတော်ဝင်သီရိ သင်္ဘောတွင် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ  ၄၀၄ ဒသမ ၂ တန်၊ အမ်ဗွီတော်ဝင်ရတနာ သင်္ဘောတွင် ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများ  ၁၂၇၁ တန်၊  အမ်ဗွီရဲထွန်းအောင်(၃) သင်္ဘောတွင် ဆန်နှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများ ၁၁၁၄ ဒသမ ၃ တန်၊ အမ်ဗွီ အောင်ရတနာ(၁)သင်္ဘောတွင် ဆန်နှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများ ၅၄၅ တန်တို့ တင်ဆောင်ပြီး စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်းသင်တန်းပို့ချ
Jul 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးရှိသော သတင်းများရေးသားနိုင်ရေး သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
တာလေမြို့၊ ကလေးစာဖတ်ခန်း၌ ရုပ်ပုံပြ ပုံပြင်ဖတ်ပြခြင်း ဆောင်ရွက်ပေး
Jul 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ယနေ့မွန်းလွဲ (၁၂) နာရီခွဲအချိန်က အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး
Jul 22,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးသီးနှံများ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နယ်ဇောကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ယနေ့နံနက်ပိုင်းက  ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။