သင်္ဃန်းကျွန်း ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးဒီဂရီကောလိပ်တွင် ယမန်နေ့နံနက် ၉:၃၀ အချိန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းအပတ်စဉ်(၃)အား စာတွေ့၊ လက်တွ့(၂)ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးမိုးမင်းဇော်နှင့်တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်အား ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးမိုးမင်းဇော်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်ဦးစီးအရာရှိ ဒေါ်စန္ဒာမြ၊ သင်တန်းသား/သူ (၁၀၀)ဦး တက်ရောက်လျက်ရှိသည်။ သင်တန်းအား ဇူလိုင်လ (၁၄) ရက်နေ့မှ ဩ ဂုတ်လ (၁)ရက်နေ့အထိ သင်တန်းအပတ်စဉ်(၆)ခုဖြင့် ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်မိုး(သင်္ဃန်းကျွန်း)