ကျောက်တန်းမြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကျောက်တန်း ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ၌ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်၌ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာ​​၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ပါသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင်  သန်လျင်မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောက်တန်းမြို့နယ် မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရှမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ကြပြီး အမြင့် ၂ ပေနှင့်အထက်ရှိ မဟော်ဂနီ (၁၀၀)ပင်၊ ပျဉ်းကတိုး (၅၀)ပင်၊ မန်ဂျန်ရှား (၃၀၀)ပင်၊ စိန်းပန်း (၁၀)ပင်၊  စုစုပေါင်းပျိုးပင် (၄၆၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)