ဖြူးမြို့နယ်၊ ကွာရီကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေး

ဖြူး ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊  လိပ်သေကျေးရွာအုပ်စု၊ ကွာရီကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား(၃၆)ဦးအတွက်(၂၀၉၀၀၀၀၀)ကျပ်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသား (၆၁)ဦးအတွက် (၁၉၇၅၀၀၀၀)ကျပ် စုစုပေါင်းအသင်းသား (၉၇)ဦးအတွက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၄၀၆၅၀၀၀၀)ကျပ်ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေး ရွာဓမ္မာရုံတွင် ချေးငွေထုတ်ချေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က ကျေးရွာ၏ မြစိမ်းရောင်စီမံကိန်းအခြေအနေများအား ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်မတည်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)