သတင်းများ

ခေါင်လန်ဖူးမြို့၌ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးလှုပ်ရှားမှုနှင့် အလှူငွေ၊ စာရေးကိရိယာများပေးအပ်လှူဒါန်း
Jul 22,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် “မြန်မာအားကစား ကမ္ဘာကိုလွမ်းရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်အတွက် ကျောင်းတွင်းအားကစားလှုပ်ရှားမှုတစ်ရပ်ကို ဇူလိုင် (၂၂) ရက် နံနက်ပိုင်းက ခေါင်လန်ဖူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး အလှူငွေနှင့်စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Jul 22,2025
 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲ အခမ်းအနား ပြုလုပ်
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စုခန်းမ‌၌ ဇူလိုင်လ ၂၂ ရက် နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ် ၂၀၂၅ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးရွာများရှိ လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျီးချောင်း၊ ကျုံလတာကျေးရွာများရှိ ကွန်ကရစ်ချောင်းကူးတံတား လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲပြုလုပ်
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များအား ကလေးအလုပ်သမားဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာအုပ်စာပေဖတ်ရှုလိုသည့် စိတ်ဓာတ်များပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ဇီးဖြူကုန်း)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်များအတွေးအခေါ် မြင့်မားလာစေရန်၊ အသိပညာဗဟုသုတများကြွယ်ဝလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ဇီးဖြူကုန်း)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအ ထက်တန်းကျောင်း၊ ဂါဒီယန် ဦးစိန်ဝင်းခန်းမ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပ ညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။