ဘားအံမြို့၌   ရပ်ရွာအအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြော

ဘားအံ  ဇူလိုင် ၂၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအအခြေပြု အသက်မွေ ဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က(ခွဲ)အုန်းတပင်ကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက အမှာစကားပြောကြားပြီးနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒေါ်ရီရီဝင်းက တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု သင်ကြားနိုင်ရေး ဆောင်ရွက်နေမှုကိစ္စရပ်များကိုလည်းကောင်း၊  ဌာနဆိုင်ရာတာဝန်ရှိသူများက တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကိုပြုလုပ်ခဲ့ပြီး ကျောင်သား/ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းကြပြီး ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်