လှိုင်းဘွဲမြို့နယ်၌ မြေလမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Jul 22,2025
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးကျေးရွာအုပ်စု နောင်ဘိုကြီး-ရွာကိုင်းကောင်း ကျေးရွာချင်းဆက်လမ်းမြေလမ်းမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြေလမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတာဝန်ရှိသူများက ဇူလိုင် ၂၁ ရက်တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။