သတင်းများ

ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့် အခြေခံပညာဦးစီးဌာနရှိ တည်ဆောက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အခြေခံပညာဦးစီးဌာနရှိ တည်ဆောက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၊အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး
Jul 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချူပ်ခြင်း(ICM) ပထမ(၅)နှစ် စီမံချက်အရ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်း က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ကျင်းပသည်။
ကလေးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ က‌လေးခရိုင်၊ ကလေးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်း အနားကို မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချ
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း မွေးမြူစိုက်ပျိုးထုတ်ကုန်များ စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 22,2025
စားရေရိက္ခာဖူလုံပြီး ပိုလျှံသည်များအား တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး တောင်သူများမှစွမ်းအားပြည့်မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်ရန် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်နှီးနွယ်ဆက်စပ်ဌာနများမှ တောင်သူ စည်းရုံးပညာပေးလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးသည်။
အိမ်မဲမြို့တွင် ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများတူးဖော်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်၊ ရွှေလင်းယုန်လမ်းတွင် မိုးတွင်းကာလ ရေကြီး၊ ရေလျှံမှု မဖြစ်ပေါ်စေရေးနှင့်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ (Kachin State RSC) က ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား/ သင်တန်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့တက်ရောက်
Jul 22,2025
ကချင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (Kachin State RSC) က ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
သာယာဝတီမြို့နယ်၌ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးကြိုတင်ကာကွယ်‌ရေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 22,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက မိုးကြိုးဘေး၊ ရေဘေး၊မြေပြိုဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာ‌ပေးနှိုး ဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။