သတင်းများ

မူဆယ်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဗီဒီယိုကလစ်ပြသ
Jul 22,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့အတွင်းရှိ ပြည်သူများနှင့် ကျောင်းသားလူငယ်များအား အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဈေးရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနင်သူများအား အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်
Jul 22,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနင်သူများအား အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် မိုးကောင်းမြို့တော်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီး လမ်းဆုံလမ်းထောင့်၌ ပြုလုပ်ကြောင်း သိရသည်။
​ရွှေဘိုမြို့၌ ​ကျောင်သား၊ ကျောင်းသူများအား ကျန်းမာ​ရေးစစ်​ဆေး​ပေးခြင်းများ​ဆောင်ရွက်
Jul 22,2025
စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်​နေ့နံနက်ပိုင်းကအ​ခြေခံပညာကျောင်းများဖြစ်သည့် မင်းရပ်(မ)နှင့်ဆင်ရုံကျောင်းများသို့ ကွင်းဆင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ပခုက္ကူမြို့၊ ကိုယ်ပိုင်အထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကင်းဝေးစေရေး အသိပညာပေးဟောပြော
Jul 22,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ CMEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယနေ့နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၂)၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ အစည်းအဝေးကျင်းပ
Jul 22,2025
မကွေးတိုင်းဒေသကြီး စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြို့နယ်စုပေါင်းရုံး၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန်၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှုး ဒေါ်စန်းစန်းနု၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ၊ မကွေးတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့သည်။
တံတားဦးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ
Jul 22,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး အမှတ်(၃)ရပ်ကွက် မကျီးတောအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့မွန်းလွဲ(၂)နာရီက အဆိုပါ ကျောင်းတွင် ကျင်းပကြောင်း သိရသည်။
ရပ်စောက်၌ ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများအား UID(Unique Identity) ဆောင်ရွက်ပေးလျက်ရှိ
Jul 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပင်စင်စား(အငြိမ်းစား) ဝန်ထမ်းများအား UID (Unique Identity) ဆောင်ရွက်ပေးခြင်း ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။