သတင်းများ

နမ္မတူမြို့နယ်ရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
Jun 03,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ  နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃၇)ဦး အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌  ဆောင်ရွက်ခဲ့သည်။
ကျိုက်ဒုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 03,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဇွန်မိုးလွင်နှင့် အဖွဲ့များသည် ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက် (၁၀)နာရီခွဲက ကျိုက်ဒုံမြို့(ရှေ့တန်းရုံး)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်
Jun 03,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့မအရှေ့ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ မူလတန်း (လွန်)ကျောင်း တွင် ပြုလုပ်ခဲ့ကြသည်။
ကျွန်းလှမြို့နယ် ကျေးရွာသုံးရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်
Jun 03,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် မော်ကယ်၊ ပိန္နဲကုန်း၊ ဟဲကင်း ကျေးရွာများ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုငွေဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးသိဏ်းမောင် ကပြောကြားသည်။
ဘားအံမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ရဟန်း၊သံဃာ (၄၈)ပါး ဝင်ရောက်ဖြေဆို
Jun 03,2021
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သာသနာရေးဦးစီးဌာန(ကရင်ပြည်နယ်)မှ ပြည်နယ်အတွင်း သာသနာရေးဆိုင်ရာများ ထွန်းကားပြန့်ပွားစေရေးအတွက်ရည်ရွယ်ပြီး ၂၀၂၁ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲကို ဇွန်လပထမပတ်အတွင်း ဘားအံမြို့ရှိ တောင်တန်းသာသနာပြုကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဆောမြို့တွင် ဒုတိယအကြိမ် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 03,2021
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်တွင် ပထမအကြိမ် COVID-19 ရောဂါ ကာကွယ် ဆေးထိုးနှံထားပြီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ထပ်မံ ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီကမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ တာဝန်ရှိ သူတို့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်တွင် အုတ်စီရေမြောင်း တည်ဆောင်ခြင်းလုပ်ငန်း‌ ဆောင်ရွက်မှု(၇၅)ရာခိုင်နှုန်းပြီးစီး
Jun 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့် ရေစီး‌ရေလာ‌ကောင်းမွန်စေ‌ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်း များ‌ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ်(၂၃.၅၀၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂) ရပ်ကွက် အထက‌ ကျောင်းလမ်းတွင် အုတ်စီရေ မြောင်း‌တည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အိမ်မဲမြို့၌ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေး
Jun 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါး စိုက်ပျိုးသူ တောင်သူ လယ်သမား များအတွက် ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက် ၁၀ နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။