အိမ်မဲ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်ပျိုးသူတောင်သူ လယ်သမား များအတွက် ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက် ၁၀ နာရီအချိန်က စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ချေးငွေများထုတ်ချေးရာတွင် အိမ်မဲမြို့နယ်အတွင်းရှိကျေးရွာအုပ်စု(၉၈)အုပ်စုရှိ တောင်သူ(၁၃၅၀၀)ဦး၊ စုစုပေါင်း (၈၅၂၈၃) ဧကအား တစ်ဧကလျှင် ချေးငွေကျပ်(၁၅၀၀၀၀)နှုန်းဖြင့် သိန်းပေါင်း (၁၂၇၉၂၄)သိန်း ကျော်ကို ၂၀၂၁ စက်တင်ဘာလကုန်အထိ အထိထုတ်ချေးပေးရန်လျာထားပါကြောင်း အိမ်မဲမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်အေးအေးတင်၏ ပြောကြား ချက်အရသိရသည်။ ယနေ့ဇွန်လ ၃ရက်နေ့တွင်အိမ်မဲမြို့နယ်ဆတ္ထူ ကျေးရွာအုပ်စုရှိတောင်သူ(၁၆၀) ဦး၊ ဧက (၉၁၈)ဧက အတွက်သိန်းပေါင်း (၁၃၇၇)သိန်းကို ထုတ်ချေးလျက်ရှိကြောင်းသိရသည်။
ဌေးဌေးလှိုင်(အိမ်မဲ)