သတင်းများ

ပေါင်းတည်မြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း များ ဆောင်ရွက်
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက် (၈)နာရီခွဲအချိန်က ရပ်ကွက်များမှ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို မြို့နယ် ပြည်သူ့ ဆေးရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အခြေခံပညာအထက်တန်း ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား သွားရောက်ကြည့်ရှု
Jun 03,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၁)၊ (၄)၊ (၇)နှင့် အောင်သပြေတပ်ကျောင်း၊ ရွှေညောင် အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ပေါင်းတည်မြို့နယ် ၊ မြို့မဈေးကြီးအတွင်း (Mask) တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေခြင်းဆောင်ရွက်
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင် သွားလာခြင်း မရှိသူ များအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပေါင်းတည် မြို့မဈေးကြီး အတွင်းဆောင်ရွက်ခဲ့သည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး
Jun 03,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး ခြင်းကို ယနေ့နံနက် ၉ နာရီက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန်ချက် များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့၌ နွေရာသီအခြေခံ အားကစားသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းတွင် ယမန်နေ့ညနေ ၅ နာရီ အချိန်က နွေရာသီ အခြေခံ အားကစား သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်တွင် အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း‌ ဆောင်ရွက်မှု (၇၅)ရာခိုင်နှုန်းပြီးစီး
Jun 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့် ရေစီး‌ရေလာ‌ကောင်းမွန်စေ‌ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် (၂၃.၅၀၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက် အ.ထ.က‌ ကျောင်းလမ်းတွင် အုတ်စီရေမြောင်း‌ တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Jun 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ပထမအကြိမ်ထိုးနှံခဲ့သည့် နိုင်ငံ့ဝန်ထမ်း၊ ပညာရေးဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်း များထဲမှ (၃ဝ) ဦးအား  ဇွန်လ (၂) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန် ခန်းမအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကျိုက်လတ် ကကရံကြီး အလက(ခွဲ)ကျောင်း မီးရှို့ဖျက်ဆီးခံရ
Jun 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဗလီခြံရေကျော်ကျေးရွာအုပ်စု၊ ကကရံကြီးကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက်(၅)နာရီခွဲခန့် က မီးရှို့ဖျက်ဆီးခံရကြောင်းသိရသည်။