သတင်းများ

မြိုင်ကြီးငူ တိုက်နယ်ဆေးရုံတွင် မွေးစမှ (၁)နှစ်ခွဲ အရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jun 03,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် မွေးစမှ အသက် (၁) နှစ်ခွဲ အရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြိုင်ကြီးငူအထူးဒေသ တိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများ နေရပ်သို့ပြန်လည်ရောက်ရှိ
Jun 03,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ ပန်သပြေ (တောင်)၊ ကောင်းဟုန်း၊ မန်မိုင်၊ လေလု၊ နားလေကျေးရွာနှင့် မန်ဟောင်ဘုန်းတော်ကြီးကျောင်းတို့တွင် လာရောက်ခိုလှုံလျက်ရှိသော ယာယီတိုက်ပွဲရှောင်ပြည်သူများ ဇွန်လ (၁) ရက်နေ့တွင် နေရပ်သို့ ပြန်လည် ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
မိုင်းခတ်မြို့တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Jun 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မိုင်းခတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Jun 03,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် ဆေးရုံအခြေပြု ပုံမှန်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များတွင် မိုးစပါး ရှစ်သိန်းကျော် လျာထားစိုက်ပျိုးသွားမည်
Jun 03,2021
မြန်မာနိုင်ငံအတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်၍ အရေအသွေးကောင်းမွန်သော ဆန်စပါးများအား ပြည်တွင်း စားသုံးမှု ဖူလုံစေရန်နှင့် ပိုလျှံ ဆန်စပါးများအား ပြည်ပသို့တင်ပို့ကာ နိုင်ငံခြားဝင်ငွေရရှိစေရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ အရေအသွေးကောင်း မျိုးကောင်းမျိုးသန့် စပါး များအား မိုးတွင်းကာလနှင့် နွေကာလများတွင် စိုက်ပျိုး ထုတ်လုပ်လျှက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် အတွင်း တောင်ပိုင်းခရိုင်ရှိ မြို့နယ် များတွင် မိုးစပါး ၈၀၁၈၄၃ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုး ရေး ဦးစီး ဌာနရုံးမှ သိရသည်။
တန့်ယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိန်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း သုံးသောင်းကျော် ပျိုးထောင်ထားရှိ
Jun 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ဂေဟစနစ်များ မပျက်စီးစေရေးနှင့် ရာသီဥတုမျှတညီညွတ်စေရေးအတွက် မြို့နယ်သစ်တော ဦးစီးဌာနမှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အရိပ်ရပင်၊ နှစ်ရှည်ပင်နှင့် စားသုံးသီးနှံပင် သုံးသောင်းကျော်ကို ပျိုးဥယျာဉ်(နှစ်)ခု၌ ပျိုးထောင်ထားလျက်ရှိကြောင်း သိရသည်။
သီပေါမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jun 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က လူငယ်အသင်း (Youth Club)နှင့် ပူးပေါင်း၍ စာရေးသူ သြမြတ်မေကို၏ "ကြယ်စင်များဆီသို့နှင့် အာရှလူငယ် ဝတ္ထုတိုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။