သတင်းများ

မြန်မာ့မျက်ပွင့်စာကြည့်တိုက်တွင် အင်္ဂလိပ်စာသဒ္ဒါနှင့် အင်္ဂလိပ်စကားပြော(အခြေခံ)သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲပြုလုပ်
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မြန်မာ့မျက်ပွင့်စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားပေးသော အင်္ဂလိပ်စာသဒ္ဒါနှင့် အင်္ဂလိပ်စကားပြော(အခြေခံ)သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့နယ်တွင် (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေး အပ်ပွဲကျင်းပ
Jun 03,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း ထပ်တိုးအကောင် အထည်ဖော်ဆောင်ရွက်မည့် ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဆားတွင်းကျေးရွာ စီမံကိန်းကော်မတီဝင်များအား စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jun 03,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများသို့ကွင်းဆင်းကာ ဒေသခံရပ် မိရပ်ဖများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံညှိနှိုင်းဆွေးနွေး
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့နှင့် သာဂရ၊ ကက္ကူ၊ ဝဲ​ဒေါင့်၊ ကြာအင်းကုန်းနှင့် ဂုံမင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျေးရွာအ​ထောက်အကူပြု အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က သာဂရ​ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများပြုလုပ်ပေး
Jun 03,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့ပေါ်ရပ် ကွက်များနှင့် ကျေးရွာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မင်းပြင် ကျေးရွာသို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးကြောင်း တာဝန်ရှိသူတစ်ဦး ကပြော ကြားသည်။
သရက်မြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး
Jun 03,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်တော်အေးရပ်ကွက်ရုံးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများမှ ယနေ့နံနက်(၈)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ၏ မိသားစုအား ထောက်ပံ့ငွေပေးအပ်
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျွဲရိုင်းပြင် ကျေးရွာအုပ်စု ရေလွှဲကျေးရွာတွင် ဇွန်လ ၁ ရက်နေ့က မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ၏ မိသားစုအား ယမန်နေ့ ညနေ ၄ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်
Jun 03,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များ အား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဇွန် ၁ ရက်နေ့မှ စတင်ကာ ရပ်ကွက် ၊ ကျေးရွာ အုပ်စုရှိ စုရပ် အသီးသီး၌ ကွင်း ဆင်းကာ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။