ဆော ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်တွင် ပထမအကြိမ် COVID-19 ရောဂါ ကာကွယ် ဆေးထိုးနှံထားပြီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ထပ်မံ ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီကမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ တာဝန်ရှိ သူတို့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ဒုတိယအကြိမ် လာရောက်ထိုးနှံကြသူ စုစုပေါင်း(၂၅၈)ဦးရှိပြီး ဆော မြို့နယ် အတွင်း ယင်းကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပေးနိုင်ခဲ့ပြီးသူ ရဟန်း၊သံဃာ၊ သီလရှင်များ၊နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူ စုစုပေါင်း(၂၁၄၀)ဦးတို့ ထိုးနှံခဲ့ပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကိုဇော်ကြီး(ဆော)