သတင်းများ

ဝါးခယ်မမြို့နယ်ရှိအခြေခံပညာကျောင်းများတွင်ကျောင်းသားကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားလျက်ရှိ
Jun 03,2021
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင် ၂၀၂‌၁၂၀၂၂ ပညာသင်နှစ်အတွက် ဝါးခယ်မမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးကို ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်း စွာဖြင့် ပညာသင်ကြားလျက်ရှိ
Jun 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ်များတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများကို ဇွန် ၁ ရက်နေ့ နံနက်ပိုင်းတွင် တစ်ပြိုက်နက် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာ သင်ယူကြမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
ရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းများ ရှင်းလင်းဆောင်ရွက်
Jun 03,2021
မိုးတွင်းကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန်နှင့် သွေးလွန်တုတ်ကွေးဖြစ်ပွားမှု မရှိစေရန် ရည်ရွယ်၍ ရန်ကုန် မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုလမ်း တစ်လျှောက်မှ အမှတ်(၂၄) အခြေခံ ပညာမူလတန်း ကျောင်းရှေ့နှင့် တံတားဖြူချောင်းတို့တွင်
သင်္ဃန်းကျွန်းမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့တွင် သံဃာတော် (၁၁၀၉)ပါး ဝင်ရောက်ဖြေဆို
Jun 03,2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး ကျင်းပသည့် ၁၃၈၃ ခုနှစ် (၂၀၂၁) ခုနှစ် ဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့ ပါရာဇိက ကဏ္ဍပါဠိ+အဌကထာ ဘာသာကို ဇွန်(၂)ရက်နေ့ မွန်းလွဲ(၁၂)နာရီ အချိန်မှ စတင်၍ သုမင်္ဂလာရာမလယ်တီဝိပဿနာကျောင်း၌ စာမေးပွဲဖြေဆိုသူစာရင်းရှိ သံဃာတော်(၁၇၂၄)ပါး ရှိရာမှ ဝင်ရောက်ဖြေဆိုသူ သံဃာတော် (၁၁၀၉)ပါး ဖြေဆိုတော်မူကြကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် "မျိုးစေ့ထုတ်စိုက်ခင်း"မျိုးစေ့စံချိန်စံညွှန်းနှင့်အညီ စိုက်စနစ်မှန်ကန်ရေးကွင်းသရုပ်ပြ ပွဲကျင်းပပြုလုပ်
Jun 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာတွင် ၂၀၂၁ ခုနှစ်၊ မိုးစပါးရာသီ စပါးမျိုးစေ့ပိုးမွှားရောဂါကင်းစင်ပြီး စပါးအထွက်ကောင်းစေရန်ရည်ရွယ်ပြီး မျိုးစပါး (RS-(S)"ဆားရည်စိမ်ခြင်း"နှင့် "မျိုးစေ့ထုတ်စိုက်ခင်း"များ မျိုးစေ့စံချိန်စံညွှန်းနှင့်အညီ "စိုက်စနစ်မှန်ကန်ရေး" ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က တောင်သူဦးတိုးဝင်း ပိုင်လယ်ကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကန်ကြီးထောင့်မြို့တွင် မီးလောင်ကျွမ်းရာတွင် ပါဝင်သွားသည့် အိမ်ထောင်စု ၃ စု ကို တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံရေးပစ္စည်းများ ထောက်ပံပေးအပ်
Jun 03,2021
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့တွင်ဇွန် ၁ ရက်နေ့ မနက် ပိုင်းက မြို့မစျေး မီးလောင် ကျွမ်းရာတွင် ဆိုင်ခန်း ၁၇၅ ခန်းနှင့် စျေးအနီး နေအိမ်၃လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ကန်ကြီးထောင့်မြို့ စျေးမြေနေရာကို စုပေါင်းသန်ရှင်းရေး ဆောင်ရွက်
Jun 03,2021
ပုသိမ်ခရိုင်၊ ကန်ကြီးထောင်မြို့တွင် ဇွန် ၁ ရက်နေ့က မီးလောင်ခဲ့သော စျေးမြေနေရာကို စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းအား ယနေ့ နံနက်ပိုင်းက အဆိုပါစျေးနေရာ၌ ပြုလုပ်ခဲ့သည်။
မိုင်းယုမြို့တွင် ကလေးငယ်များအား ပုံမှန်ပိုလီယိုကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေး
Jun 03,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ပိုလီယိုကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့ဆေးရုံ၌ တိုက်ကျွေး/ ထိုးနှံပေးခဲ့သည်။