ဘားအံမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ရဟန်း၊သံဃာ (၄၈)ပါး ဝင်ရောက်ဖြေဆို

ဘားအံ   ဇွန်  ၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သာသနာရေးဦးစီးဌာန(ကရင်ပြည်နယ်)မှ ပြည်နယ်အတွင်း သာသနာရေးဆိုင်ရာများ ထွန်းကားပြန့်ပွားစေရေးအတွက်ရည်ရွယ်ပြီး ၂၀၂၁ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲကို ဇွန်လပထမပတ်အတွင်း ဘားအံမြို့ရှိ တောင်တန်းသာသနာပြုကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ထိုသို့ဓမ္မာစရိယစာမေးပွဲ ဖြေဆိုရာတွင် ရဟန်း၊သံဃာ (၄၈)ပါးသည် ပါရာဇိက ကဏ္ဏပါဠိအဌကတာ (၁)မေးခွန်းများကို ဇွန်လ(၁)ရက်နေ့မှ ဇွန်လ(၉)ရက်နေ့ထိ ဖြေကြားသွားရမှာဖြစ်ကြောင်းနှင့် အဖြေလွှာများအား နိုင်ငံတော်အဆင့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် စစ်ဆေးသွားမှာဖြစ်ပြီး  အောင်မြင်သည့် ရဟန်း၊သံဃာများအား သာသနာ့ဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်